ကျောက်တန်း ဇွန် ၃

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် မင်္ဂလွန်းကျေးရွာ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဇွန် ၁ ရက်က ပြုလုပ်သည်။

 

ဟောပြောပွဲတွင် သန်လျင်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးရန်စိုးအောင်က မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

သန့်ဇင်ထွန်း(ကျောက်တန်း)