မြစ်ကြီးနား ဇွန် ၄

 

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်(ကချင်ပြည်နယ် တာဝန်ခံ) ဦးခင်ဇော်သည် ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အဆင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ ကြီးကြပ်မှု အဖွဲ့ဝင်များနှင့် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ တွေ့ဆုံညှိနှိုင်း ဆွေးနွေးသည်။

 

ထို့နောက် ပြည်နယ် MEVM ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ကချင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်က လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ရွေးကောက်ပွဲ အရာရှိက ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တက်ရောက်လာသည့် ပြည်နယ်အဆင့် မြန်မာ အီလက်ထရောနစ် မဲပေးစက် ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက မဲပေးစက်များ ဖွင့်ဖောက်စစ်ဆေးခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်တာဝန်ခံက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)