ဟားခါး ဇွန် ၇
ကျန်းမာရေးအဆင့်မြှင့်ကျောင်း မြို့နယ်အဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ဇွန် ၅ ရက်က တီးတိန်မြို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အမှာစကားပြောကြားပြီး သင်တန်းတက်ရောက်လာကြသူများ၏ တင်ပြချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးသည်။ သင်တန်းကို ဇွန် ၅ ရက်မှ ၇ ရက်အထိ ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


