နေပြည်တော် ဇွန် ၇

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပလျက်ရှိသည့် (၂၉)ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေး ဖိုရမ်သို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ တက်ရောက်ခဲ့သည့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး သည် တာတာစတန်ဒေသ ကာဇန်မြို့ရှိ အလာဘူဂါ အထူးစီးပွားရေးဇုန် (Alabuga Special Econo-mic Zone)မှ ကိုယ်စားလှယ် Mr. Konstantin Trifonov အား ဒေသစံတော်ချိန် ညနေပိုင်းတွင် Welton Hotel ၌ လက်ခံတွေ့ဆုံသည်။

 

ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး တွေ့ဆုံစဉ် အထူးစီးပွားရေးဇုန်၏ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရေး စက်မှုလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်သားများခေါ်ယူမည့် ကိစ္စရပ်များ၊ အလုပ်သမားရေးရာ MoU ရေးထိုးနိုင်ရေး ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် မြန်မာလုပ်သားများ အလုပ်လုပ်ကိုင်နေကြသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်