သာယာဝတီ ဇွန် ၇
၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့က သာယာဝတီမြို့နယ် သခွတ်ကုန်းရပ်ကွက် လယ်တီဘုန်းတော်ကြီးကျောင်းဘေးရှိ သတ်မှတ်မြေနေရာ၌ ကျင်းပရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သံစဉ်နှင့် အဖွဲ့ဝင်များက ကြီးမှူးကျင်းပခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြ၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပျိုးပင်များကိုပေးအပ်ပြီး သတ်မှတ်နေရာ အသီးသီး၌ သစ်ပင်များ စိုက်ပျိုးကြသည်။
အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ပညာရေးဦးစီးဌာန၊ မြန်မာ့မီးရထားတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကာ ကျွန်းပင် ၁၀၀၊ မဟော်ဂနီ ၁၀ ပင်၊ မန်ဂျန်ရှားအပင် ၂၀၊ ခရေ ၁၀ ပင်၊ ကံ့ကော်အပင် ၂၀ နှင့် ပျဉ်းကတိုး ၁၀ ပင် စုစုပေါင်း အပင် ၁၇၀ ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)


