မုံရွာ ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဝါသီးနှံ ၁၇၈၃၇ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့နံနက်ပိုင်းကစတင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်းပြီး ဖန်ခါးကျင်းကျေးရွာအုပ်စု ကွင်းအမှတ် ၃၁၃(ခ) ဦးပိုင်အမှတ် ၇၈ တောင်သူ ဦးထွန်းမော်၏ လယ်မြေ ဧက ၃ ဒသမ ၅၀ နှင့် ကွင်းအမှတ် ၃၁၃(ဂ) ဦးပိုင်အမှတ် ၂၆ တောင်သူ ဒေါ်မိုးဆွေ၏ လယ်မြေလေးဧကတို့တွင် ချည်မျှင်ရှည်ဝါ Raka 666 သီးနှံစိုက်ခင်း တည်ထောင်ပေးလျက်ရှိသည်။ အဆိုပါတောင်သူနှစ်ဦး၏ လယ်မြေဧက ၇ ဒသမ ၅၀ တွင် မြေယာပြုပြင်ခြင်းနှင့် အိန္ဒိယနိုင်ငံ၏ Quick Impact Project (QIP) အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်သော ချည်မျှင်ရှည်ဝါ Raka 666 မျိုးစေ့ချခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


