လင်းခေး ဇွန် ၇
ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ဒေသတွင်းငါးစားသုံးမှု တိုးတက်လာစေရေးနှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရေးရည်ရွယ်၍ ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးများမွေးမြူရေး နည်းပညာပေးသင်တန်းကို လင်းခေးမြို့ လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး၌ ဇွန် ၃ ရက်က ဖွင့်လှစ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် လင်းခေးခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်လင်းမြင့်က ငါးမွေးတောင်သူများ ငါးဆေးထိုးသားဖောက်ခြင်းနှင့် ငါးမွေးမြူခြင်း နည်းပညာများ သိရှိနားလည်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်းရှိ ငါးမွေးမြူရေး စိတ်ပါဝင်စားသူ ၂၅ ဦးအား စာတွေ့လက်တွေ့ နှစ်ရက်သင်ကြားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


