ညောင်လေးပင် ဇွန် ၉

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အထက (၂)၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးကြပ်လမ်းညွှန်မှုဖြင့် စာစီစာကုံးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၅ ဦးက မြန်မာအမျိုးသမီးများ၏ ကြိုးစားအားထုတ်မှုနှင့် အောင်မြင်မှု၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၄၂ ဦးက မြန်မာအမျိုးသမီးများ၏စွမ်းအားနှင့် ဂုဏ်သိက္ခာခေါင်းစဉ်၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ကိုးဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၃၇ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခင်မောင်လွင်(ညောင်လေးပင်)