တောင်တွင်းကြီး ဇွန် ၉
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့၌ အခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ထုတ်ပေးခြင်းကို တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွကျေးရွာ အထက(ကုက္ကိုခွ) ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါကျောင်းရှိ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များအား ထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တောင်တွင်းကြီးမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူ ၁၂၁ ဦးအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)


