လင်းခေး ဇွန် ၁၀

 

လင်းခေးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုင်ငံသားစိစစ်ရေးကတ်နှင့် UIDထုတ်ပေးခြင်းကို ဇွန် ၁၀ ရက်က လင်းခေးမြို့ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) (တောင်ရွာ)၌ ကွင်းဆင်း ဆောင်ရွက်သည်။

 

အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၃ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်နှင့် UIDထုတ်ပေးခြင်း(နေ့ချင်းပြီး) ဆောင်ရွက်ခဲ့ကြသည်။

 

ယင်းသို့ ဆောင်ရွက်နေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးနေခြည်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က နိုင်ငံသားစိစစ်ရေးကတ်နှင့် UID မှတ်တမ်းများအား ကျောင်းသား ကျောင်းသူတို့ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)