မန္တလေး ဇွန် ၁၀

 

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် အောင်မြေသာစံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ကြယ်ပွင့်ပြမေးခွန်း ၁၅ ခု မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က “မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရာ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီက ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ အစီရင်ခံစာဖတ်ကြား တင်သွင်းသည်။

 

ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာကာအစည်းအဝေးကို ရပ်နားသည်။

 

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသတ္တမနေ့ကို ဇွန် ၁၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)