ညောင်ဦး ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ်၌ ဖြူစင်မေတ္တာနှင့် သုမင်္ဂလာ ရေလှူတော်အသင်းက ယနေ့နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ် ကျေးရွာများရှိ ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရန် ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းသည်။
ထိုသို့ လှူဒါန်းပေးရာတွင် ဖြူစင်မေတ္တာနှင့်သုမင်္ဂလာ ရေလှူတော်အသင်းမှ အသင်းသား အသင်းသူများက ညောင်ဦးမြို့နယ် ညောင်လှကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၆၄၀၀၊ စံပြကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၆၄၀၀၊ ပြွန်ကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၆၄၀၀၊ ဒါန်းကျင်း ကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၉၆၀၀ တို့ကို ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရန်အတွက် စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


