ချောင်းဆုံ ဇွန် ၁၀
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်တို့ကို အခြေခံပညာကျောင်းများ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၁၀ ရက်က သက္ကော(အထက)၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကောင်းပြည့်ကျော်နှင့် ဝန်ထမ်းများက အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းနှင့် UID ကတ်တို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်များအား ပြည်သူများ လက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း သုံးကျောင်းမှ ကျောင်းသား ကျောင်းသူ ၄၁၉ ဦးအား ဆောင်ရွက်ပေးကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)


