လပွတ္တာ ဇွန် ၁၀
လပွတ္တာမြို့နယ် လ/မြောက်ကျေးရွာ အထက(ခွဲ)၌ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်းနှင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ပေးသည်။
ကွင်းဆင်းဆောင်ရွက်
အဆိုပါလုပ်ငန်းကို လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦး၏ ကြီးကြပ်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစံရင်မော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်လင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူ ၁၃၈ ဦးတို့၏ နိုင်ငံသားစိစစ်ရေးကတ်နှင့် ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းကို နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


