တမူး ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကဘော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တမူးမြို့နယ် ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တမူးမြို့နယ် ဦးစီးမှူးရုံး ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အသက် (၁၀) နှစ်နှင့်အထက် ကျောင်သား ကျောင်းသူ ၁၀၆ ဦး၊ အသက် ၁၈ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ၁၅ ဦး စုစုပေါင်း ၁၂၁ ဦးကို နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်နေမှုများကို ခရိုင်အဆင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်များကို ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မုံရွာ(ကိုယ်ပွား)


