မိတ္ထီလာ ဇွန် ၁၀

 

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ဒေသဂေဟစနစ်ကောင်းမွန်စေရေးတို့အတွက် နှစ်စဉ် သစ်ပင်စိုက်ပျိုး ခြင်းလုပ်ငန်းများကို စီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် မိုးရာသီတွင် မိတ္ထီလာခရိုင်အတွင်း သစ်ပင်ပေါင်း ၁၈၃၈၉၃ ပင်အား သတ်မှတ်လျာထားချက်အတိုင်း ယနေ့တွင် ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။ 

ချမ်းသာ(မိတ္ထီလာ)