ဆီဆိုင် ဇွန် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မဲဟဲကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပသည်။
ဦးစွာ မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးစောဒေဝါထွန်းက မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်းအကြောင်းနှင့် တောအုပ် ဦးကျော်ကျော်သင်းက သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကို အသိပညာပေးဟောပြောသည်။
ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများက မဲဟဲကျေးရွာ ဘုန်းကြီးကျောင်းနှင့် အမကဝန်းကျင်တို့၌ ပျိုးပင် ၇၅၀ ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


