အစ္စလာမာဘတ်  ဇွန်  ၁၀

ပါကစ္စတန်စစ်ဘက်သုံး Mi-17 ရဟတ်ယာဉ်တစ်စင်းသည် ပျံတက်စဉ်အတွင်း ပါကစ္စတန်ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ မူဇာဖာရာ ဘတ်အနီးတွင် ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်ပေါ်လိုက်ပါသူအားလုံး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါရဟတ်ယာဉ်သည် နည်းပညာချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူမရှိကြောင်း  စစ်ဘက်ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်တွင် ရဟတ်ယာဉ်ပျက်ကျပြီးနောက်မကြာမီ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ပြီး ပျက်ကျရသည့်အကြောင်းရင်းကို တိကျစွာဖော်ထုတ်နိုင်ရန်  စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့စည်းထားကြောင်းလည်း ဖော်ပြထားသည်။

ပါကစ္စတန်စစ်ဘက်က ရဟတ်ယာဉ်ပေါ်တွင် ပါဝင်သူအရေအတွက်နှင့် ကိုယ်ရေးအချက်အလက်အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။ 

ဆင်ဟွာ