ဘားအံ ဇွန် ၁၁

 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ယနေ့နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးဘေး ဘားအံစက်မှုဇုန် အနောက်ဘက် မိဇံကျေးရွာနှင့် စက်မှုဇုန်ကြားရှိ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ အမှိုက်စွန့်ပစ်ရန် မြေ ၂၅ ဧက လျာထားနေရာကို ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေး

ထို့နောက် ဘားအံစက်မှုဇုန် အနောက်ဘက်ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေး နည်းပညာဥယျာဉ်ရှိ ဒူးရင်း၊ သရက်၊ ကျွဲကော၊ ပိန္နဲ၊ မာလကာ၊ သံပရာ၊ သင်္ဘော၊ နနွင်း၊ ချင်း၊ နာနတ်၊ ပိန်းဥ၊ ကန်ဇွန်းဥ၊ ဝဥ စိုက်ခင်းများနှင့် ပရဆေးသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေကို လည်းကောင်း၊ ဝဥနှင့် အခြားသီးနှံ အခြောက်ခံစက်၊ သီးနှံအပြားလှီး စက်၊ ကြိတ်ခွဲစက်၊ ထုပ်ပိုးစက်များ၊ သီးနှံများ တန်ဖိုးမြှင့်ထုတ်လုပ်ခန်းမှ အခြောက်ခံခန်း၊ အမှုန့်ကြိတ်ခန်း၊ ကြိတ်ခွဲထုပ်ပိုးခန်းနှင့် အရည်အသွေး စစ်ဆေးခန်း (ဓာတ်ခွဲခန်း)တို့ကို လည်းကောင်း၊ ဘားအံစက်မှုဇုန်အနီးရှိ လျှိုပိတ်တမံများတွင် ရေပိုမို သိုလှောင်နိုင်ရေး ဆောင်ရွက်မည့် အခြေအနေကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့နှင့် ပျိုးပင် အရောင်းဆိုင်ကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)