မင်းဘူး ဇွန် ၁၁
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းနှင့် လူစည်ကားရာနေရာများ၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် အမှတ်(၁၈) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံး၏ ကြီးကြပ်မှုဖြင့် ဒုရဲအုပ်ရန်နိုင်ထွန်း ဦးဆောင်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူများ ယာဉ်၊ လမ်းအန္တရာယ် မဖြစ်ပွားစေရေး၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်တတ်စေရေး ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြားကာ ယာဉ်လမ်းရှင်းပေးခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ဒုရဲအုပ်ရန်နိုင်ထွန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက မင်းဘူး-စကု ကားလမ်းတစ်လျှောက်ရှိ လူစည်ကားရာနေရာများ ဖြစ်သော မြောက်လှည်းကောက်အဝိုင်းပတ်၊ သာသနာ့ဗိမာန်ရှေ့နှင့် တောင်လှည်းကောက် လမ်းဆုံနေရာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


