ဒေါပုံ ဇွန် ၁၁
ဒေါပုံမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များထုတ်ပေးခြင်းကို တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အထက(၁)၌ ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်ထွန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းစိစစ် ဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်စောရီတို့က သွားရောက် ကြည့်ရှုအားပေးခဲ့ကြကာ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များကို ကျောင်းသား ကျောင်းသူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)


