နမ့်စန် ဇွန် ၁၁

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နမ့်စန်မြို့နယ် ဦးစီးမှူးရုံးက အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း(နမ့်စန်)တွင် ဆောင်ရွက်သည်။

 

မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဇော်နှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်း One Stop Service နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နမ့်စန်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ထွန်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်အားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)