လေးမျက်နှာ ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာ တောင်သူဦးဌေးအောင်၏ လယ်မြေ နှစ်ဧကတွင် ယနေ့နံနက်ပိုင်းက မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် မျိုးစပါးပေးအပ်ပွဲ ပြုလုပ်သည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မိုးထွန်းက ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ မျိုးစေ့ချကိရိယာအသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှကြည်နှင့် တာဝန်ရှိသူများက တောင်သူများအား မျိုးစပါးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးဟိန်းထက်


