ဝေါ ဇွန် ၁၁

 

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် ဒေသခံတောင်သူများအား ဇီဝမီးသွေးမြေဩဇာထုတ်လုပ်နည်း လက်တွေ့ပြသခြင်းကို အရှေ့ဘက်ကမ်းရပ်ကွက် တောင်သူ ဦးမြင့်ဝင်း၏ လယ် ၁၃ ဧကတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

 

ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မိုးထိုက်က ဇီဝမီးသွေးမြေဩဇာ အပူပေးရမည့် လုပ်နည်းအဆင့်ဆင့်နှင့် လိုအပ်သည့်ပစ္စည်းများ ထည့်သွင်းအသုံးပြုရန် နှုန်းထားများ၊ ပေါင်းခံရည် ထုတ်လုပ်သုံးစွဲမှုနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို အသိပညာပေးရှင်းလင်းပြောကြားပြီး ပြုလုပ်ပုံအဆင့်ဆင့်ကို တောင်သူများအား လက်တွေ့ပြသသည်။

 

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက တက်ရောက်လာသည့် ဒေသခံတောင်သူများအား ရေဆင်းပေါ်ဆန်း(၁) ငါးဧက စိုက်ပျိုးရန်အတွက် ပေါင်ပျိုးစနစ်ဖြင့် ပျိုးထောင်ခြင်းလုပ်ငန်းများ ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)