ဟင်္သာတ ဇွန် ၁၁

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဇွန် ၆ ရက်မှ ၁၀ ရက်အထိ ဟင်္သာတမြို့နယ်ရှိ လက်ပံကုန်းကျေးရွာ၊ ဆိပ်ကြီးကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ မွှေးလုံးကျေးရွာနှင့် ပျဉ်းမချောင်းရပ်ကွက်တို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင် ဦးဆောင်သော ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်း၊ Digital X-ray Machine ဖြင့် တီဘီရောဂါရှိ/မရှိ ရှာဖွေခြင်း၊ အသက်(၄၀)နှစ်နှင့် အထက်ရှိသူများအား ဆီးချိုရောဂါ စစ်ဆေးကုသခြင်း၊ သွေးတိုးရောဂါ ရှာဖွေကုသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)