မြောင်းမြ ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် မှုခင်းအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
ဦးစွာ မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး သောင်းထိုက်က မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုကာကွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုတို့နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောသည်။ ထို့နောက် အမှတ် (၈၁) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ရဲအုပ်အောင်သန်းမင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေး ဟောပြောသည်။
ထို့နောက် မှုခင်းအသိပညာပေးလက်ကမ်းစာစောင်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)


