ဂျကာတာ  ဇွန်  ၁၁

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်၌ တစ်နှစ်လျှင် ကားအစီးရေ ၃၀၀၀၀၀ အထိ ထုတ်လုပ်နိုင်မည့် အမျိုးသားကားထုတ်လုပ်ရေး ဗဟိုစင်တာတစ်ခုကို တည်ဆောက်သွားရန်    စီစဉ်ထားကြောင်း ကာကွယ်ရေးဝန်ကြီး ရှက်ဖရီ ရှမ်ဆိုဒင်းက ပြောကြားသည်။ ဆူဘန်းမြို့ရှိ ထုတ်လုပ် ရေးစက်ရုံများ၊ မော်တော်ယာဉ်  အင်ဂျင်နီယာနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာများ၊ မြေပြင်လက်တွေ့ စမ်းသပ်ရေးနေရာများကို လာရောက်စစ်ဆေးပြီးနောက် ဇွန် ၁၀ ရက်တွင် ကာကွယ်ရေးဝန်ကြီး ရှက်ဖရီက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းကို အဆင့်သုံးဆင့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကနဦးအဆင့်တွင် နှစ်စဉ် ကားအစီးရေ ၅၀၀၀၀ ထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

ဆင်ဟွာ