ရန်ကုန် ဇွန် ၁၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ The Global New Light of Myanmar သတင်းစာတိုက်၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့သတင်းစာပါ သတင်းအကြောင်းအရာများသည် နောင်တစ်ချိန် တွင် သမိုင်းမှတ်တမ်းအဖြစ် ကျန်ရှိနေမည်ဖြစ်ရာ ခိုင်လုံသောသတင်းများကိုသာဖော်ပြရေး၊ ဖတ်ချင်စဖွယ်ဖြစ်အောင် အနှစ်သာရရှိရှိ ရေးသားဖော်ပြရေး၊ အွန်လိုင်းမှ ဖတ်ရှုမှုများပြားသော်လည်း သတင်းစာများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုထုတ်ဝေနိုင်ရေး၊ Digital Platform ကိုလည်း အလေးထား ဆောင်ရွက်ရေး၊ တန်ဖိုးထားဖတ်ရှုသူများအတွက် အကျိုးရှိစေရေး၊ အမြတ်အစွန်းထက် လူများများဖတ်ရှု စေရေး၊ စာသင်ကျောင်းများ၊ စာကြည့်တိုက်များတွင် ပိုမိုထားရှိစေရေးတို့နှင့် စပ်လျဉ်း၍မှာကြားရာ စာတည်းမှူးချုပ်နှင့် စာတည်း အဖွဲ့ဝင်များက အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုံနှိပ်စက်၊ Computer to Plate (CTP) ခန်းနှင့် စာတည်းခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်းစဉ်


