လန်ဒန် ဇွန် ၁၅
ဗြိတိန်နိုင်ငံ၌ အသက် ၁၆ နှစ်အောက်ရှိသူများအား လူမှုမီဒီယာသုံးစွဲခွင့်ပိတ်ပင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကီးယားစတန်မာက ဇွန် ၁၅ ရက်တွင် ပြောကြားသည်။
ကလေးသူငယ်များကို ကာကွယ်ရေးအတွက်ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။ ယနေ့ခေတ် နည်းပညာဖွံ့ဖြိုးလာသည်နှင့်အမျှ ကလေးသူငယ်များသည် နည်းပညာနှင့် လိုက်လျောညီထွေဖြစ်နေသည်ကို တွေ့ရှိနေရသော်လည်း လူမှုမီဒီယာတွင် အလွန်အကျွံအချိန်ဖြုန်းနေသည်ကို လက်မခံနိုင် သဖြင့် ထိန်းချုပ်မှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ လူမှုမီဒီယာ ပိတ်ပင်ရေးဆောင်ရွက်ရာတွင် သုံးစွဲသူများအကြား အကြောင်းအရာများဖလှယ်ခြင်းကို ပိတ်ပင်မည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းအနိုင်ကျင့်မှုနှင့် ကလေးသူငယ်များအပေါ် အန္တရာယ်ရှိသော အကြောင်းအရာများနှင့် ထိတွေ့မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများကြောင့် လူမှုမီဒီယာ ပလက်ဖောင်းများကို ပိုမိုပြင်းထန်စွာ အရေးယူရန် မိဘများ၊ ကလေးသူငယ်အရေး လှုပ်ရှားသူများထံမှ ဗြိတိန်အစိုးရအား ဖိအားပေးနေ ကြောင်း သိရ သည်။
ယခုနှစ်အစောပိုင်းတွင် အစိုးရသည် ကလေးများ မိုဘိုင်းဖုန်းနှင့် လူမှုမီဒီယာအသုံးပြုမှုဆိုင်ရာ အမျိုးသားအဆင့်ဆွေးနွေးမှုတစ်ခုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


