တန့်ယန်း ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် ကွန်နင်ရွာရှိ ပိုးစာပင်စိုက်ပျိုးရေးလုပ်ငန်းနှင့် ပိုးမွေးမြူရေးလုပ်ငန်းအောင်မြင်နေမှုကို ဌာနဆိုင်ရာတာဝန်ရှိသူများက ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုကြသည်။
အဆိုပါကျေးရွာရှိ တောင်သူ ဦးစိုင်းကျော်နီ ၏ ပိုးစာပင်စိုက်ပျိုးရေးလုပ်ငန်းနှင့် ပိုးမွေးမြူရေးလုပ်ငန်းအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များက ပိုးစာပင်စိုက်ပျိုး ထားမှုအခြေအနေများ၊ ပိုးမွေးမြူရေးအလုပ်ရုံအတွင်း ပိုးကောင်များမွေးမြူထားမှု အခြေအနေများကိုကြည့်ရှု၍ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဦးစိုင်းကျော်နီတို့က ရှင်းလင်းတင်ပြသည်။
တောင်သူ ဦးစိုင်းကျော်နီ၏ ဧက ၆၀ ရှိ ပိုးစာပင်စိုက်ပျိုးရေးလုပ်ငန်းနှင့် ပိုးမွေးမြူရေးလုပ်ငန်းကို ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီး တစ်နှစ်လျှင် မတ်လကုန်မှ အောက်တိုဘာလအထိ လုပ်ကိုင်ဆောင်ရွက် ရသည်။ နှစ်စဉ်မိသားစုဝင်ငွေရရှိပြီး တန့်ယန်းမြို့နယ်တွင် ယခုအခါ စိုက်ဧက ၃၂၀ ခန့် ရှိလာရာ တွက်ခြေကိုက်သည့် လုပ်ငန်းဖြစ်၍ တိုးချဲ့စိုက်ပျိုးသင့်သောလုပ်ငန်းဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)


