တာချီလိတ် ဇွန် ၁၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်သမဝါယမဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် သမဝါယမအသင်းသား တောင်သူများအား မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ဇွန် ၁၅ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက သွင်းအားစုများ ပေးအပ်သည်။
ပေးအပ်
ဦးစွာ တာချီလိတ်မြို့နယ် သမဝါယမဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဒေါ်စီလေးက မိုးစပါး စိုက်ပျိုးရာတွင် စနစ်ကျသော စိုက်ပျိုးရေးစနစ် ဖြစ်စေရန်နှင့် သွင်းအားစုများ စနစ်တကျ သတ်မှတ်ရက်အတိုင်း အချိန်ကိုက် ကျွေးရန်လိုအပ်ပြီး ပန်းတိုင် အထွက်နှုန်းပြည့်မီစေရေး အမှာစကားပြောကြားပြီး မြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် သမဝါယမအသင်း သုံးသင်းမှ မိုးစပါးစိုက်ဧက ၃၀၀ အတွက် ငွေကျပ်သိန်း ၇၀၀ နှင့် ညီမျှသော သွင်းအားစုများကို သမဝါယမအသင်းသား တောင်သူ များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝိုးတောင်း


