အိန္ဒိယအစိုးရသည် ဒီဇယ်နှင့် လေယာဉ်ဆီတင်ပို့မှုအပေါ် ကောက်ခံသည့်အခွန်ကို   ဇွန်  ၁၆  ရက်မှစတင်ကာ တိုးမြှင့်ခဲ့သည်။ ယင်းမှာ ပြည်တွင်းရေနံထွက်ပစ္စည်းများ လုံလောက်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဓာတ်ဆီတင်ပို့မှုနှင့်ပတ်သက်၍ အထူးအခွန်နှုန်းထားကိုမူ ပြောင်းလဲမှုမရှိကြောင်း သိရသည်။ ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အခွန်ဌာနသည် ဒီဇယ်တစ်လီတာလျှင် ပို့ကုန်အခွန်ငွေ ၁၃ ဒသမ ၅ ရူပီးမှ ၁၄ ရူပီးသို့လည်းကောင်း၊ လေယာဉ်ဆီတစ်လီတာလျှင် ၉ ဒသမ ၅ ရူပီးမှ ၁၂ ဒသမ ၅ ရူပီးသို့လည်းကောင်း တိုးမြှင့်ထားသည်။ 

ဆင်ဟွာ