လွိုင်ကော် ဇွန် ၁၇
ကယားပြည်နယ်အစိုးရအဖွဲ့က ပြည်နယ် စည်ပင်သာယာရေး အဖွဲ့ရုံးအဆင့်ဆင့်ရှိ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီများကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ပေးအပ်သည်။
ပေးအပ်
ဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော် က အမှာစကားပြောကြားပြီး ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီများ ပေးအပ်သည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် World MSME Day အခမ်းအနားတွင် ကယားပြည်နယ် ဒေသထွက်ကုန်များ အဆင့်မီစွာ ပါဝင်ပြသရောင်းချနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများ၏ သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


