ရန်ကုန် ဇွန် ၁၇

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတု အထိမ်းအမှတ် အခမ်းအနားကျင်းပရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေရေး အစီအစဉ်များ ဇာတ်တိုက် လေ့ကျင့်‌‌နေမှုကို ကြည့်ရှုစစ်‌ဆေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ထို့နောက် အင်္ဂလိပ်စာအထူးပြုနှင့် သင်္ချာအထူးပြုကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု၊ အနောက်ပိုင်း တက္ကသိုလ် သုတေသနစင်တာ၊ ခတ္တာဆောင်၊ ဇီဇဝါဆောင်နှင့် ဘုရင့်နောင် ကျောင်းသူ ကျောင်းသား အိပ်ဆောင်များ၊ ရန်ကုန်တက္ကသိုလ် အင်းယားလမ်း တစ်လျှောက် မြေယာရှုခင်းပြုပြင် ထိန်းသိမ်းနေမှုနှင့် တက္ကသိုလ် ဥပဓိရုပ် ကောင်းမွန်ရေးတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်