ဇွန် ၁၉
ဂျပန်နိုင်ငံ တိုကျိုမြို့ ဟာနီဒါလေဆိပ်မှ ထွက်ခွာခြင်းမပြုမီ လေယာဉ်ပေါ်ရှိ ခရီးသည်တစ်ဦး၏ စမတ်ဖုန်းမှ မီးခိုးများထွက်လာကြောင်း ဂျပန်သယ်ယူပို့ဆောင်ရေးနှင့် မီးသတ်အရာရှိများက ပြောကြားခဲ့သည်။ ထိုမီးခိုးများကိုငြှိမ်းသတ်ခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဖော်ပြထားသည်။
လန်ဒန်သို့ ဇွန် ၁၈ ရက် မွန်းလွဲ ၁ နာရီကျော်က ဦးတည်ပျံသန်းနေသော British Airways လေယာဉ်နှင့်ပတ်သက်သည့် လေကြောင်းထိန်းချုပ်ရေးမျှော်စင်မှ အစီရင်ခံစာတစ်စောင်ကို လက်ခံရရှိခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနနှင့် တိုကျိုမီးသတ်ဌာနမှ အရာရှိများက ပြောကြားခဲ့သည်။
အဆိုပါလေယာဉ်သည် ကားရပ်နားရာနေရာမှ ပြေးလမ်းသို့ ဦးတည်ပျံသန်းနေစဉ် ခရီးသည်တစ်ဦး၏ ခရီးဆောင်အိတ်မှ မီးခိုးများထွက်လာကြောင်းနှင့် ထိန်းချုပ်ရေးမျှော်စင်၏ ညွှန်ကြားချက်များနှင့်အညီ ကားရပ်နားရာနေရာသို့ လေယာဉ်ပြန်လည်ရောက်ရှိခဲ့ပြီး မီးခိုးများကို မီးသတ်ဆေးဘူးဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းလေယာဉ်တွင် ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၂၁၁ ဦး လိုက်ပါလာကြောင်းနှင့် ကားရပ်နားရာနေရာ၌ ဘေးကင်းရေးစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အချိန်ဇယားထက် တစ်နာရီခန့် နောက်ကျထွက်ခွာသွားခဲ့ကြောင်း ဖော်ပြထားသည်။
သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနသည် ၎င်းဖြစ်ရပ်နှင့်ပတ်သက်သည့် အခြေအနေများကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


