ရန်ကုန် ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ၊ စပါးမျိုးစေ့၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေဩဇာများပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၁၇ ရက်က ခရမ်းမြို့နယ် အထက်ခမတ်ကျေးရွာ၌ ကျင်းပသည်။
ပေးအပ်
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ခရမ်းမြို့နယ်အတွင်းရှိ တောင်သူများအား စပါးမျိုးစေ့၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို တာဝန်ရှိသူများက ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများက အထက် ခမတ်ကျေးရွာအုပ်စုရှိ တောင်သူဒေါ်နွဲ့ရီ၏ မိုးစပါး စံပြစိုက်ခင်းအား မျိုးစေ့ချကိရိယာဖြင့် မိုးစပါးလက်တွေ့ စိုက်ပျိုးပြသပေးခြင်းတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရမ်း(ပြန်/ဆက်)


