ပုသိမ် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယမန်နေ့ညနေပိုင်းက မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၏ မြေအသုံးချမှု၊ အဓိကသီးနှံ ၁၄ မျိုး စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေး ဆောင်ရွက်ချက်များ၊ ၂၀၂၆-၂၀၂၇ မိုးစပါးစိုက်ပျိုးမှုအခြေအနေ၊ မိုးစပါးမျိုးကွဲအလိုက် စိုက်ပျိုးမည့် အစီအစဉ်များ၊ တောင်သူများထံ စက်သုံးဆီနှင့် သွင်းအားစုဓာတ်မြေဩဇာများ အချိန်မီရရှိရေးနှင့် အသားစားကြက်နှင့် ဥစားကြက်မွေးမြူ ထားရှိမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


