ပေါင် ဇွန် ၁၈
မွန်ပြည်နယ် ပေါင်မြို့နယ် သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အထက(ဥတ္တံတား) ၌ ပြုလုပ်သည်။
ဦးစွာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးက လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာကြီး၏ အခြေအနေနှင့် မြန်မာနိုင်ငံတွင်ထွက်ရှိသည့် သစ်အမျိုးအစား၊ သစ်ပင်များ ဆက်လက်စိုက်ပျိုးထားမှု အခြေအနေ၊ သစ်ပင်/သစ်တောမှရရှိသော အကျိုးကျေးဇူးများအကြောင်း ဟောပြောဆွေးနွေးသည်။ ထို့နောက် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)


