ရန်ကုန် ဇွန် ၂၀

 

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ဇွန် ၁၅ ရက်က ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ (အဘိဓဇ မဟာရဋ္ဌဂုရု) သန်လျင်မင်းကျောင်း ဆရာတော်တက်ရောက်ချီးမြှင့်သည်။

 

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ ဘွဲ့ခံသံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ ကျောင်းသား ကျောင်းသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု) သန်လျင်မင်းကျောင်းဆရာတော်ထံမှ သြဝါဒခံယူခြင်း၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် မဟာသိမ်တော်ကြီး ဆရာတော်အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တကုမာရထံမှ သြဝါဒခံယူခြင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရတို့ထံမှ ဩဝါဒခံယူခဲ့ကြသည်။
 

 

ချီးမြှင့်ပေးအပ် 

 

ထို့နောက် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) ဆရာဦးအောင်ဇော်နိုင်က ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ ပညာရေးဆိုင်ရာများကို လျှောက်ထားသည်။  ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီးက ဘွဲ့ရစာရင်းအတည်ပြုလွှာကို လက်မှတ်ရေးထိုးပေးခဲ့ပြီးနောက် ဘွဲ့ရသံဃာတော်၊ သီလရှင်ဆရာလေးများ၊ ကျောင်းသား ကျောင်းသူများအား ဘွဲ့လက်မှတ်များနှင့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျော်ဆန်းမြင့်