ပြင်ဦးလွင်    ဇွန်    ၂၁

၂ဝ၂၆ ခုနှစ် ပြင်ဦးလွင်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြင်ဦးလွင်ခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား   ကလပ်ပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို  ဇွန် ၁၈ ရက်   မွန်းလွဲ ၃ နာရီက ခရိုင်အားကစားကွင်းအတွင်း၌ ပြုလုပ်ရာ  လွှတ်တော်ကိုယ်စားလှယ်များ၊ ပြင်ဦးလွင်ခရိုင်  စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက် အားပေးကြသည်။

အဆိုပါ ပြင်ဦးလွင်ခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲကို မေ ၅ရက် မှ ဇွန် ၁၇ ရက်အထိ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းတို့က အင်တိုက်အားတိုက် ယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲတွင် ပင်လိန်  FC အသင်းနှင့် ဟိန်းကမ္ဘာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပင်လိန် FC အသင်းမှ   အနိုင်ရရှိခဲ့သည်။

ဆက်လက်ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အကောင်းဆုံးကစားသမားဆု ရရှိသူတို့အား  ဆုတံဆိပ်များ၊ ဂုဏ်ပြုငွေများနှင့်  ဆုဖလားများကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။                                  

ခရိုင်(ပြန်/ဆက်)