အစ္စတန်ဘူလ် ဇွန် ၂၁
တူကီယဲနိုင်ငံသည် အရောင်းအဝယ်စာချုပ် သဘောတူညီချက်အရ နေတိုးနှင့်ဥရောပသမဂ္ဂ နှစ်ခုစလုံး၏ အဖွဲ့ဝင်ဖြစ်သော ရိုမေးနီးယားနိုင်ငံသို့ CAm. Roman အမည်ရှိ စစ်ရေယာဉ်တစ်စင်းကို ပထမဆုံးအကြိမ် တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။
တူကီယဲသမ္မတ ရီဆက်တေ ရစ်အာဒိုဂန်နှင့် ရိုမေးနီးယားသမ္မတ နီကူဆောဒန်းတို့သည် အစ္စတန်ဘူလ်သင်္ဘောကျင်းကွပ်ကဲမှုဌာနတွင် ပြုလုပ်သော ယင်းစစ်ရေယာဉ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။
တိုက်ရိုက်ထုတ်လွှင့်သည့် စစ်ရေယာဉ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် အာဒိုဂန်က ယင်းသင်္ဘောတွင် ပြည်တွင်းထုတ် တိုက်ခိုက်ရေးစီမံခန့်ခွဲမှုစနစ်များ၊ ရှာဖွေရေးနှင့် ပစ်ခတ်ထိန်းချုပ်မှု ရေဒါများ၊ ဆိုနာစနစ်များ စသည်တို့ တပ်ဆင်ထားကြောင်း ပြောသည်။
ဆင်ဟွာ


