ဘာလင်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် အမေရိကန်ထိပ်တန်း တင်းနစ်မယ် ပဲဂူလာက ကမ္ဘာ့အဆင့်(၁) ဘယ်လာရုစ်တင်းနစ်မယ် အရွိုင်နာ ဆာဘယ်လင်ကာကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ၆-၄၊ ၆-၇ (၄-၇)၊ ၆-၀ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ ဆာဘယ်လင်ကာသည် ပြီးခဲ့သည့် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင်လည်း ကွာတားဖိုင်နယ်အဆင့်အထိသာ တက်လှမ်းနိုင်ခဲ့သည်။
ပဲဂူလာသည် နောက်ဆုံးဗိုလ်လုပွဲတွင် ချက်ဇ်တင်းနစ်မယ် လင်ဒါနော့စကိုဗာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နော့စကိုဗာသည် ဆီမီးဖိုင်နယ်တွင် ဖိလစ်ပိုင်နာမည်ကြီး တင်းနစ်မယ် အယ်လာကို ၆-၂၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဗိုလ်လုပွဲတက်လှမ်းလာသူဖြစ်သည်။
အောင်ဇော်


