ရန်ကုန် ဇွန် ၂၂

 

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၅)၌ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား မျက်စိကွင်းဆင်း စစ်ဆေးကုသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

 

အဆိုပါလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဦးကျော်ဇင်ဦး ဦးဆောင်၍ လသာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ (၅) မန်နေဂျာ ဒေါ်နွယ်လေးနိုင်နှင့် ဘဏ်ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

နေလင်း(ပြန်/ဆက်)