ရေး ဇွန် ၂၂

 

မွန်ပြည်နယ် ရေးမြို့နယ်အနေဖြင့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပစေရေးနှင့် ပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန် လျာထားသည့် ရန်ကြီးအောင်ရပ်ကွက်ရှိ ကျုံးပတ်လမ်း ကျောက်စီမြေထိန်းနံရံမြှင့်တင်ခြင်းနှင့် မြေဖို့ခြင်းလုပ်ငန်း စနစ်တကျ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးလွင်၊ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မြင့်ဦးနှင့် အဖွဲ့တို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရှင်းသန့်ဖြူ