ထားဝယ် ဇွန် ၂၂

 

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (တတိယနေ့)ကို ယနေ့နံနက် ၁၀ နာရီတွင် ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

လက်မှတ်ရေးထိုး

 

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးသည်။

 

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း ၁၀ ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားကြပြီး အစည်းအဝေးကို ရပ်နားလိုက်ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)