တံတားဦး ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး တံတားဦး (စဉ့်ကိုင်တွဲ) မြို့နယ် သစ်တောဦးစီးဌာနက ပြည်သူလူထုအခြေပြု အသိပညာပေး ဟောပြောပွဲကို ဇွန် ၂၀ ရက်တွင် ရေခါးကျေးရွာအုပ်စု ဥမှင်ကျေးရွာ ဓမ္မာရုံ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကျော်ဇင်မြင့်ဦး က ရပ်ကွက်/ကျေးရွာများအတွင်း၊ အပြင် စိမ်းလန်းသာယာ လှပစေရေးအတွက် သစ်တောသစ်ပင်များစိုက်ပျိုးရန်၊ သစ်ပင်များစိုက်ပျိုးသွားခြင်းဖြင့် ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊ တစ်ပင်မှတစ်တော၊ တစ်တော မှတစ်တောင် တို့စွမ်းဆောင် စိုက်ပျိုးပါက လက်ရှိနှင့် အနာဂတ်ရရှိနိုင်သည့် ခံစားမှုများ၊ တောအုပ် ဦးညွန့်ဝင်းက မိုးရာသီသစ်ပင်စိုက်ပျိုးရေး လုပ်ငန်းများကို ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ သစ်တော ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများ ဟောပြောပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


