ကျုံပျော် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အင်းမကျေးရွာအုပ်စု၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းမြေမြှုပ်ပွဲနှင့် မျိုးစေ့ချ ကိရိယာဖြင့် မျိုးစေ့ချ သရုပ်ပြစိုက်ပျိုးပွဲကို ဇွန် ၂၁ ရက် နံနက်ပိုင်းက ပြုလုပ်သည်။
ဦးစွာ တောင်သူဦးအေးသိန်း၏ လယ်မြေနှစ်ဧက၌ သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းပွဲကို ပြုလုပ်ရာ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက တောင်သူများအား သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း၏ အကျိုးကျေးဇူးနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲရန် ဆွေးနွေးပြောကြားပြီး သစ်စိမ်းမြေဩဇာထည့်သွင်းနေမှုကို တက်ရောက်လာသူများနှင့်အတူ ကြည့်ရှုအားပေးကြသည်။
ထို့နောက် တောင်သူ ဦးဝင်းကြည်၏ လယ်မြေသုံးဧကတွင် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်က မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၏ အားသာချက်/အားနည်းချက်များကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)


