ဝါရှင်တန် ဇွန် ၂၃
ကမ္ဘာ့ပထမဆုံး ထရီလီယံနာဟု ခေါ်ဆိုခံရသည့် အမေရိကန်စွန့်ဦးတီထွင်လုပ်ငန်းရှင် အီလွန်မတ်စ်က အစိုးရဘတ်ဂျက်ငွေများကို ဘဏ္ဍာရေးဝန်ကြီးဌာနမှ တစ်ဆင့်မဟုတ်ဘဲ ပြည်သူများထံ တိုက်ရိုက်ထောက်ပံ့ပေးရန် တိုက်တွန်းခဲ့သည်။
အစိုးရငွေများကို အခြားအစီအစဉ်များမှမဖြတ်သန်းဘဲ ပြည်သူများထံ တိုက်ရိုက်ရောက်ရှိစေခြင်းက ပိုမိုကောင်းမွန်ကြောင်းနှင့် အနာဂတ်တွင် အေအိုင် (AI) နှင့် စက်ရုပ်နည်းပညာများ ပိုမိုအသုံးပြုလာပါက ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ တိုးတက်လာပြီး ကုန်ဈေးနှုန်းကျဆင်းကာ ငွေတန်ဖိုးမြင့်တက်လာနိုင်ကြောင်း အီလွန်မတ်စ်က ယူဆသည်။
၎င်းသည် အမေရိကန်အိမ်ဖြူတော်က အေအိုင်ကုမ္ပဏီများကိုထိန်းချုပ်ရန် စီစဉ်ထားသည်ဆိုသော ဒုတိယသမ္မတ ဂျေဒီဗန့်စ်၏ ပြောကြားချက်အပေါ် တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။
အီလွန်မက်စ်သည် ၎င်း၏ အာကာသကုမ္ပဏီနှင့် အေအိုင်ကုမ္ပဏီတို့ကို စတော့ဈေးကွက်တွင် အများပိုင်ကုမ္ပဏီအဖြစ် ပြီးခဲ့သည့်သီတင်းပတ်က ပြောင်းလဲခဲ့ပြီးနောက် ကမ္ဘာ့သမိုင်းတွင် ပထမဆုံး ထရီလီယံနာ ဖြစ်လာခဲ့သည်။
စပွန်နစ်


