တောင်ကြီး ဇွန် ၂၄
ဆေးတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ်တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဘောလုံးအားကစားကို ချစ်မြတ်နိုးသူများ တက်ရောက်အားပေးကြသည်။
ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လူမှုရေးရာဝန်ကြီးက အမှာစကားပြောကြားပြီး ဖွင့်ပွဲတွင် ပါဝင်ကြသည့် ဘင်ခရာတပ်ဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ကြည့်ရှု
အဆိုပါဘောလုံးပြိုင်ပွဲကို ဇွန် ၂၄ ရက်မှ ဇူလိုင် ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)


