ရန်ကုန် ဇွန် ၂၇

 

ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဇွန် ၂၆ ရက်က ၂၀၂၆ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ (World Refrigeration Day) အထိမ်းအမှတ် အခမ်းအနား ကျင်းပသည်။ 

 

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦးက အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ၂၀၂၆ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်ဆောင်ပုဒ် “Cool Intelligence” “ခေတ်မီ ဆန်းသစ်အအေးပေး နည်းစနစ်၊ ဉာဏ်ပညာဖြင့် စွမ်းရည်မြှင့်” ခေါင်းစဉ်ဖြင့် အသိပညာပေး ဗီဒီယိုပြသသည်။

 

ထို့နောက် တက်ရောက်လာသူများအား ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်စာအုပ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)